Skip to content

Ringing telephone

December 7, 2009

ကဲ ပိုစ်မတင် ဖြစ် တာလည်းကြာပြီ.. စာလည်းမဖတ် ဖြစ် ဘူး ..ကျောင်းစာနဲ့ အလုပ်ရှုပ်နေလို့ ဗျာ..။

ဒီညတော့ စာလုပ်ရင်း ပျင်းလာတာနဲ့  animation လေးတစ်ခု ထလုပ်ကြည့်တာ ပါ ။

ကဲစမယ်…

ဖုန်း မြည်တဲ့ ပုံလေးကို လှုပ်လှုပ်ရှားရှားလေးလုပ်မယ်ဆိုတော့ ပထမဆုံး custom shape tool မှာပါတဲ့ Phone 2 ဆိုတဲ့ shape ကို အသုံး ပြု ပြီး ဖုန်း လေးတစ်လုံးဆွဲမယ် ဗျာ ။

ပြီးရင်ဖုန်းရဲ့ လက်ကိုင် လေးကို selection tool က ကြိုက်နှစ်သက်ရာ Tool ကိုအသုံး ပြုပြီး select လုပ် ပါ။ ပြီး ရင် ထို select လုပ်ထား တဲ့ နေရာ ကို Ctrl + J နဲ့  duplicate or copy လုပ်ပေါ့ဗျာ ။

ဒီ layer ကို ကျွန်တော်က 1 လို့ နာမည်ပေး ပါ တယ်။

နောက်တစ်ခါ .. စောစော က ဖုန်း ပုံလေး select ပြန်လုပ်ပြီး လက် ကိုင်နေရာ ကို ဖျက်မယ်..။ ခဲဖျက်သုံး ပြီး ဖျက် နိုင်သလို selection လုပ် ပြီး လည်း ဖျက်နိုင်ပါတယ် ။

ထို့ နောက် ဖုန်း လက်ကိုင်လေး ကို ထပ်ပြီးတော့ ကော်ပီ ပွားပါမယ်..။( select 1 layer > right on 1 layer and>duplicate or Ctrl + J ) ထို layer ကိုတော့ 2 လို့ နာမည် ပြန်ပေးမယ် ။
ဒီတစ်ခါတော့ … ကျွန်တော် က Vibration လေးတစ်ခု ဖြစ်အောင် new layer ခေါ် ၊ shape tool က line tool ကို အသုံး ပြီး တော့ စောစောက ကော်ပီ လုပ်ထားတဲ့ ဖုန်းလက်ကိုင်ရဲ့ အပေါ်လေးမှာ ဆွဲမယ်..။ ဟိုဘက်ဒီဘက်ပေါ့ ။
ထို့ နောက် … ထို line shape တွေ နဲ့  ကော်ပီ လုပ်ထားတဲ့ phone လက်ကိုင် ပေါင်း ပြီး ကို shift key လေးဖိ ပြီးselect လုပ် ၊ ပြီး ရင် merge layer ပေးလိုက်မယ်ဆိုရင် layer 2 မှာ layer တစ်ခုတည်းဖြစ်သွားမယ်ပေါ့ဗျာ..။
ဒါပြီး ရင် ထို layer 2 ကို ထပ်ပြီး ကော်ပီ 2 ခု ကူးမယ် ။ layer 2 copy 1 and layer 2 copy 2 ပေါ့ ။

ထို့ နောက် window – from menu bar > Animation ကနေ time line ခေါ်မယ် ။ ထို့ နောက် frame အသစ် 3 ခု ထပ် ခေါ်မယ် ။
အားလုံးပေါင်း လေးခုပေါ့ ။
( frame အသစ် ဘယ်လို ခေါ်ရ မလဲ မသိရင်တော့ ဟိုးအရှေ့ က ကျူတိုရီရယ်လ်တွေ ပြန်ကြည့် ဗျာ ။ )

frame 1 မှာ
backgorund , Phone and 1 layers တွေရှိပါမယ် ။

frame 2 မှာတော့

background , Phone , and 2 layer တွေရှိပါမယ် ။

frame 3 မှာတော့

background , phone , and layer 2 copy 1 ဆိုတဲ့  layer တွေ ရှိပါမယ် ။

frame 4 မှာတော့

background , phone , and layer 2 copy 2 ဆိုတဲ့  layer တွေ ရှိပါမယ် ။

ပြီး ရင် loop ကို forever ပေး ပြီး time ကို 0.2 sec လောက် ပေး မယ်..။ ဒါက ကိုယ့်စိတ်ကြိုက်ပေါ့ ။ ပြီးရင် play button လေး ကလစ်ပြီးတော့ စမ်းကြည့်..။ မကြိုက်ရင် ပြန်ပြင် .. အဟီးး။ ကြိုက်ရင်တော့ save for web & devices နဲ့  save လိုက် ။

အနော့် tutorial ကိုတော့ အောက် မှာ ရှု့  လော့ .. ။

Photobucket

dl

့အိုကေ ဗျာ..။ ပျော်ရွှင်ပါစေ..။ ဆရာရှာခိုင်းတဲ့ thesis လေး ဆက် ရှာလိုက်ဦးမယ်..။ :D

Advertisement
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.