Drawing Xmas Card
ကျွန်တော်လည်းဘာမှမလုပ်နိုင်တာအတော်ကြာပေါ့.။ ဒီနေ့ ပဲ စာမေးပွဲတစ်ခုဖြေပြီးတယ်။ အခြေအနေတော့ကောင်းပါရဲ့. ။ နည်းနည်း လေး အားလို့  ပုံလေးတစ်ပုံလောက်ဆွဲကြည့်လိုက်တာပါ ။ ပြီးတော့ ဒီဘလော့ မှတ်စုမှာ ပြန်သိမ်းတာပေါ့ ။
ခရစ်စမတ် ရက်ကလည်းနီးလာ ပြီဆိုတော့ သူငယ်ချင်းတွေဆီ ပို့ ပေးချင်တာနဲ့ ကြိုး စားကြည့်လိုက်တယ်..။ ထွက်လာတာလေး ပြန်ရှယ် လိုက် မယ် ။
ပထမဆုံး လိုချင်တဲ့ အရွယ်အစားနဲ့ ဖိုင်အသစ်တစ်ခုယူမယ် ။ ကျွန်တော်ယူထားတာက 1000 × 768 pixels နဲ့ ကာလာအဖြူယူထားပါတယ် ။
ထို့နောက် Rectangle shape tool ကိုအသုံးပြုပြီး ပုံထပ်ဆွဲမယ်.။ အောက်ခံဘက်ကရောင်း အပြည့်ပေါ့ ။ ထို့ နောက် ထို layer ကို rename ပြန်ပေးတယ် 1st bg ပေါ့။ ပြီးရင် blending mode မှာ gradient overlay ထည့်ပါမယ် ။ (right click > blending option > or double click on layer )
ကျွန်တော့ gradient overlay setting အတိုင်း ယူလိုက်တော့ 1st bg ကို အောက်ကအတိုင်း ရပါတယ် ။
ထို့ နောက် pen tool ကို အသုံး ပြီး တော့ 2nd bg ကိုဆွဲ ပါမယ်။ menu bar မှာတော့ shape layer ကိုရွေး ထားရပါမယ် ။
ထို့ နောက် blending mode မှာ Inner glow and Gradient overlay ထည့်ပါမယ် ။
setting ကိုအောက်မှာကြည့်ပါ ။
ထို့ နောက် ရလာတဲ့ 2nd bg ကအောက်မှာပါ ။

နောက်တစ်ဆင့် custom shape tool မှာပါတဲ့ tree shape ကို အသုံး ပြုပြီးတော့ ခရစ်စမတ် ပင်လေးတွေ ဆွဲ ပါမယ် ။ ကာလာတော့ မညီ အောင် နည်းနည်းလေးတွေခွဲသုံးပေါ့ ။

ထို့ နောက် ထို ခရစ်စမတ်ပင်လေးတွေ အုပ်မိလောက်တဲ့အထိ pen tool ကိုအသုံးပြုပြီးတော့ နောက်ထပ် 3rd background တစ်ခု ဆွဲ ပါမယ် ။ နာမည်က 3rd bg လို့ ပေးပါမယ်။

ပြီးရင် Inner glow and gradient overlay ထည့်ပါ ဦးမယ် ။ setting ကိုတော့အောက်မှာကြည့်ပါ ။
ကဲအခုဆိုရင် 3rd bg ကို အောက်ကအတိုင်း ရပါတယ် ။

ဒီတစ်ဆင့်မှာတော့ snow man ပုံလေးဆွဲပါမယ်.။ ပထမဆုံး body တစ်ခု ဆွဲဖို့ အတွက် shape tool က Ellipse shape tool ကိုသုံး ပြီး
ဝက်ဝိုင်း ရှိပ် တစ်ခုဆွဲ ပါမယ် ။

ပြီးရင် ဒီတစ်ခါလည်း blending mode ကို Inner Glow and Gradient over ပဲထည့်ပါဦးမယ် ။ setting ကအောက် မှာကြည့်ပါ ။
ရလာတဲ့ ပုံလေးကိုတစ်ချက်ကြည့်ပါဦး
ကဲ..ထို့ နောက်တော့ ထို first circle ကို copy လုပ်ပါမယ် ။ အောက် ကပုံအတိုင်းရလာအောင်ပေါ့ ။

ပြီးရင်တော့ နှာခေါင်း အတွက် pen tool ကို အသုံးပြုပြီး တြိဂံ ပုံလေး နဲ့နှာခေါင်း လေးဖြစ်အောင်ဆွဲမယ်. ။ ကာလာကတော့ ကြိုက်သလိုပေါ့။ ပြီးရင်မျက်လုံး နဲ့ ရင်ဘက် အသီးလေးတွေအတွက် brush ကိုအသုံး ပြုပါမယ်။ ကာလာက အနက်ပါ ။
နောက်တစ်ခါ shape က Rectangle tool ကိုအသုံးပြုပြီး သစ်ကိုင်းနဲ့ ထိုးထားတဲ့ အရုပ်လက် ကလေးတွေ ပုံစံ ရအောင် ဆွဲပါမယ် ။
ဒီတစ်ခါတော့ အရုပ်ဦးထုပ်ကို ဆွဲ ပါမယ်.။ ထုံးစံအတိုင်း Pen tool ကို အသုံးပြု ပါမယ် ။ကာလာ black ။
ကြည့်ပါဦး ။
နောက်တစ်ခါ အရုပ်ရဲ့ လည်ပါတ်ကလေး ဖြစ်လာအာင် Pen tool နဲ့ ပဲ ကာလာအနီသုံးပြီးဆွဲပါမယ် ။ ဦးထုပ် နောက် ကအသီး ကလေး ကို တော့ Ellipse shape ကိုအသုံးပြုပြီးဆွဲ ပါတယ် ။
ပြီးရင် Back ground color ကို အဖြူထား ပြီးတော့ layer အသစ်တစ်ခု ခေါ်မယ် ။ ထို့ နောက် stars_and_blinks_artshare brush” target=”_blank”> ကိုအသုံးပြုပြီးတော့ star အနည်းငယ်ထပ်ဆွဲပါမယ်။ ဒီ brush ကိုလိုချင်ရင်တော့ star name link ကို ကလစ်လိုက်ပါ ။
ဒီအဆင့်မှာတော့ နှင်း ထည့်ချင်တဲ့အတွက်.. new layer တစ်ခုယူမယ်။ ပြီးတော့ white color fill လုပ် ပါမယ်။ ပြီးရင် Filter > Noise > add noise ထည့်ပါမယ် ။ ထို noise layer ရဲ့ Blending mode ကိုတော့ screen ထားပြီး Opacity ကို 16 လောက် ထိ လျော့ထားပါမယ် ။
ပြီးရင် ထို Noice layer ကို ပဲ select လုပ်ပြီး Image >adjustment > threshold ထည့်ပါမယ် ။ threshold level ကို 234 လောက်ထိ ထားထားပါမယ်။

ကဲ..ဒါဆိုရင် ရလာတဲ့ပုံက အောက်မှာပါ ။

အိုကေဗျာ.. ဒါဆိုရင်ပုံက ပြီးသွား ပြီပေါ့.။ Merry christmas and Happy new year ဆိုတန်းထပ်ထည့်မယ်ဗျာ။ ပြီးရင် ထို text layer ကို duplicate လုပ်ပြီးတော့ ကော်ပီ ယူမယ်။ ထို copy layer ကို Rasterize layer လုပ်မယ်။ ပြီးရင် Filter > distort > Ripple အနည်း ငယ်ထည့်လိုက်ပြီး opacity ကို လျော့မယ်။ ထို့ နောက် မူရင်း text layer ရဲ့အောက်မှာ ထား ပြီး အနည်းငယ် ခွာ ထားလိုက်မယ်ဆိုရင် အဆင်ပြေ သွား ပြီပေါ့ ။
ကာလာ နဲ့ ပုံရဲ့အနေ အထား ကိုစိတ်ကြိုက်ရပြီဆိုရင်တော့ ကြိုက်တဲ့ ဖိုင်လ်အမျိုးအစားနဲ့ သာဆေဖ် လိုက်ပေါ့ဗျာ..။ ဟုတ်ပြီလား ။
ကျွန်တော် ဆွဲ ထားတဲ့ပုံကအောက်မှာ ပါ။ ဒီပုံမှာ merry christmas to you ဆိုတာကို တော့ blending mode မှာ drop shadow ထည့်ထားတာပါ ။
ပုံကိုအကြီး ကြည့်ချင်ရင်တော့ ပုံပေါ် မောက် လေး ကလစ် လိုက်ပေါ့.။
ဒါက နောက်တစ်ခု ကျွန်တော်ထပ်ပြီးလက်တည့်စမ်းထားတာပါ ။ ကြည့်လိုက်ပါဦး ဗျာ.. စိတ်ပါရင်လိုက်လုပ်ကြည့်ပေါ့ ။
———————————————-
To download my PSD






















